ကျွန်ုပ်တို့သည် ဒေသခံများလက်ခံကျင့်သုံးသည့် မြေယာအသုံးပြုမှုစနစ်များကို ဒေသခံများနှင့် ဌာနေတိုင်းရင်းသားများအတွက် မြေယာပိုင်ဆိုင်ခွင့်ခိုင်မာအားကောင်းစေရေး လုပ်ဆောင်သည့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်အတူ မှတ်တမ်းတင်မှုများကိုလုပ်ဆောင် သည်။ ထိုသို့လုပ်ဆောင်ရာတွင် မြေယာအသုံးပြုမှုစနစ်များ, စုပေါင်းမြေယာအသုံးပြုမှုနှင့် ဒီရေတောထိန်းသိမ်းမှုများ၊ စီမံခန့်ခွဲမှုများပါဝင်ပြီး ထိုမြေအသုံးပြုမှုစနစ်များကို ဥပဒေအရ လက်ခံကျင့်သုံးနိုင်ရေး နှင့် ဥပဒေအရအကာအကွယ်ပေးနိုင်ရေးအတွက် အသုံးပြုနိုင်ရန် လုပ်ဆောင်သည်။
ကျွန်ုပ်တို့သည် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုမှတွေ့ရှိရသည့် ဒေသခံများနှင့် ဌာနေတိုင်းရင်းသားများ၏ မြေယာစီမံခန့်ခွဲမှုနှင့်အသုံးပြုမှု, အမျိုးသမီးများနှင့်မြေယာအခွင့်အရေးများ၊ ဒီရေတောများစုပေါင်းထိန်းသိမ်းခြင်းများနှင့် စီမံခန့်ခွဲမှုများကို ဒေသခံများ၊ ဌာနေတိုင်းရင်းသားများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသကဲ့သို့ ထိုတွေ့ ရှိချက်များကို မူဝါဒစာတမ်းများနှင့် ဥပဒေရေးရာဆန်းစစ်သုံးသပ်မှုများကို ဒေသခံ ဥပဒေအထောက်အကူပြုသူများနှင့် စီမံကိန်းတာဝန်ရှိသူများမှ ဒေသခံများနှင့်အတူ အတူတကွလုပ်ဆောင်ပြီး ထုတ်ဝေပါသည်။ ရည်ရွယ်မှုများသည် အရပ်ဖက်အဖွဲ့အစည်းများ၊ အကျိုး သက်ဆိုင်သူများ၊ လွှတ်တော်နှင့် အစိုးရတာဝန်ရှိသူများ၊ မြေယာနှင့်ပက်သက်သည့်ဥပဒေ ရေးဆွဲရေးတွင် ပါဝင်သူများ ပိုမိုသိရှိနိုင်ရေးအထောက်အကူပြုရန် နှင့် အသုံးပြုဆောင်ရွက်နိုင်ရန် ဖြစ်သည်။
ကျွန်ုပ်တို့သည်မြေယာနှင့်ပက်သက်သည့် စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်မှုများ နှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများမှ တွေ့ရှိချက်များ၊ မူဝါဒစာဆောင်များ၊ ဥပဒေရေးရာဆန်းစစ်မှုစာဆောင်များကို ဆွေးနွေးပွဲကျင်းပမျှဝေခြင်း၊ အွန်လိုင်ပလက်ဖောင်းမျိုးစုံ အသုံးပြုပြီး မျှဝေခြင်းများပြုလုပ်ပါသည်။
ဒေသခံများ, ဌာနေတိုင်းရင်းသားများ သည် ၂၀၁၀ ခုနှစ်ပြုပြင်ပြောင်းလဲမှုနှင့်အတူ ပြဌာန်းထားသော မြေယာနှင့်ပက်သက်သည့် ဥပဒေများသည် ဓလေ့ထုံးတမ်းအရ အသုံးပြုမြေများ၊ ဒီရေတောများ၊ စုပေါင်းအသုံးပြုမြေ၊ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းထားမှုများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုမြေများကို အသုံးပြုဆောင်ရွက်နေသော်လည်း အသုံးပြုနည်းစနစ်များ၊ စနစ်တကျ မှတ်တမ်းများထားရှိမှုမရှိကြပေ။ ဒေသခံများအသုံးပြုနေသည့် မြေများ၊ စုပေါင်းထိန်းသိမ်းသည့်မြေများ အသုံးပြုဆောင်ရွက်နိုင်ရန်အကောင်အထည်ခြင်းနှင့် အချက်အလက်များကိုမှတ်တမ်းပြုစုခြင်း၊ ဒီရေ တောများနှင့် သဘာဝအရင်းအမြစ်များကို ဒေသခံများထိန်းသိမ်းအသုံးပြုသည့် စနစ်များကို ဖော်ထုတ်သည့်စီမံကိန်းများကို ဒေသခံများ၊ တိုးတက်သောအမြင်ရှိသည့်တာဝန်ရှိသူများနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်သည်။ ဒေသခံများစုပေါင်းထိန်းသိမ်းမှုများကို မူဝါဒစာတမ်းပြုစုကာ ဓလေ့ထုံးတမ်းစနစ်များ၊ ဒီရေတောများနှင့် သဘာဝအရင်းအမြစ်များကို သက်သေအထောက်အထားစနစ်ဖြင့် မြှင့်တင်နိုင်ရေးလုပ်ဆောင်သည်။ မူဝါဒစာတမ်းများဖြင့် လူမူအဖွဲ့အစည်းများ၊ ဒေသခံများ၊ အကျိုးသက်ဆိုင်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများကို မျှဝေသည့် အလုပ်ရုံးဆွေးနွေးပွဲများဖြင့် ပိုမိုကျယ်ပြန်စွာသိရှိရေးလုပ်ဆောင်သည်။
မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်ခွင့်များသည် စနစ်အမျိုးမျိုးနှင့် ရှုပ်ထွေးသော ဥပဒေများကြောင့် ဒေသခံများ၊ ဌာနေတိုင်းရင်းသားများအတွက် အခက်အခဲစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရသည်။ မြေယာနှင့် ပက်သက်သည့် ဥပဒေများရေးဆွဲရာတွင်လည်း အကျိုးသက်ဆိုင်သူများပါဝင်ခွင့်မရခဲ့ပေ။ ထိုပြင်မြေယာစီမံခန့်ခွဲမှုစနစ်များတွင် ဒေသခံများ၊ ဌာနေတိုင်းရင်းသားများနှင့် အမျိုးသမီးများပါဝင်ခွင့်သည် မရှိသလောက်နည်းပါးခဲ့သည်။ ထိုအခြေအနေများသည် ဒေသခံများမြေယာပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲ ပိုင်ခွင့်၊ ထိန်းသိမ်းပိုင်ခွင့်များသည် ဆုံးရှုံးပြီး ဒေသခံများမြေယာပိုင်ဆိုင်ခွင့်နှင့် သဘာဝပတ်ဝန်းကျင်ပျက် စီးမှုကို ကာကွယ်ရာတွင် အခက်အခဲမျိုးစုံကို ဖြစ်စေသည်။ ရှုပ်ထွေးလှသောဥပဒေများကို လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေကြမ်းရေးဆွဲရေးနှင့် ဥပဒေများသဟဇာတဖြစ်ရေးလုပ်ငန်းတွင် GPI သည် အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့ပြီး ဒေသခံများ၊ ဌာနေတိုင်းရင်းသားများ၊ အကျိုုးသက်ဆိုင်သူများ၊ အမျိုးသမီးများ မြေယာပိုင်ဆိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့် ထိန်းသိမ်းစောင့်ရှောက်ပိုင်ခွင့်များအတွက် ဆွေးနွေးတိုက်တွန်းမှုများ လုပ်ဆောင်ခဲ့သည်။ ထိုသိုလုပ်ဆောင်နိုင်မှုကြောင့် သက်ဆိုင်ရာအမျိုးသမီးအဖွဲ့များ၊ ဌာနေတိုင်းရင်းသားကိုယ်စားပြုများ၊ ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများမှကိုယ်စားပြုသူများပါဝင်သည့် လုပ်ငန်းအဖွဲ့ငယ်များကို တိုးချဲ့ဖွဲ့စည်းပြီး အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက်လိုအပ်မှုများကို ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်နှင့် ထည့်သွင်းရေးဆွဲနိုင်ရန် လုပ်ဆောင်နိုင်ခဲ့သည်။