မြေယာပိုင်ဆိုင်ခွင့်အတွက် ဒေသခံတဉီးချင်းနှင့် အစုအဖွဲ့အလိုက် လိုအပ်သော ဥပဒေအထောက် အကူအတွက် ကျွန်ုပ်တို့အဖွဲ့အစည်းမှ ဥပဒေအထောက်အကူပြုသူများသည် မြေယာပိုင်ဆိုင်ခွင့် ဆုံးရှုံးခဲ့မှုများ၊ ဆုံးရှုံးနေရမှုများအတွက် ဥပဒေကြောင်းအရနှင့် ဒေသခံအခွင့်အရေးများအတွက် စနစ်တကျသုံးသပ်ပြင်ဆင်ပြီး ပူးပေါင်းဆောင်ရွက်အကူအညီပေးခြင်းကိုလုပ်ဆောင်ပါသည်။
ထိခိုက်ခံစားရသောဒေသခံများ၊ ဌာနေတိုင်းရင်းသားများ၊ အမျိုးသမီးများ မြေယာပိုင်ဆိုင်ခွင့် ခိုင်မာအားကောင်းစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့်ပြင် မြေယာစီမံခန့်ခွဲမှု စနစ်များတွင် ဒေသခံများ၊ အမျိုးသမီးများနှင့် ဌာနေတိုင်းရင်းသားများ ပါဝင်ခွင့်ရရှိရေးအတွက် လုပ်ဆောင်သည်။ ထိုပြင် မြေယာအားလုံးကိုလွှမ်းခြုံသည့် အမျိုးသားမြေဥပဒေရေးဆွဲရေးတွင် သက်ဆိုင်ရာ ဌာနေတိုင်းရင်းသားများ အမျိုးသမီးများ ပါဝင်ရေးဆွဲနိုင်ရေး တိုက်တွန်းလုပ်ဆောင် သည်။
ကျွန်ုပ်တို့သည် ဒေသခံများအသုံးပြုသည် ဓလေ့ထုံးတမ်းအရ စုပေါင်းမြေယာအသုံးပြုမှုစနစ်များ ကို ဖော်ထုတ်ခြင်း, အသုံးပြုဆောင်ရွက်မှုများ ဆောင်ရွက်ခြင်း၊ ဒီရေတောနှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းသည့်လုပ်ငန်းများကို ဆောင်ရွက်သည်။ မြေယာပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့် နှင့် ထိန်းသိမ်းခြင်းများ ခိုင်မာအားကောင်းစေရေးအတွက် တိုးတက်သောအမြင်ရှိသည့် တာဝန် ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသခံများကို နည်းပညာနှင့် သွင်းအားစုများကူညီမှုများလုပ်ဆောင်ခြင်း လုပ်ဆောင်သည်။ ထိုပြင်ဩဇာလွှမ်းမိုးမှုရှိသူများနှင့် ချိတ်ဆက်ပူးပေါင်းကာ လုပ်ကွက်ငယ်တောင်သူများနှင့် ဌာနေတိုင်းရင်းသားများအတွက် မြေယာပိုင်ဆိုင်ခွင့်ခိုင်မာစေ ရေး ကောင်းမွန်သောရလာဒ်များရရှိရန် အားပေးတိုက်တွန်းမှုများလုပ်ဆောင်သည်။
၂၀၁၀ နောက်ပိုင်းပြုပြင်ပြောင်းလဲရေးများနှင့်အတူ သိမ်းဆည်းခံမြေများပြန်လည်ရရှိရေး, မြေယာပိုင် ဆိုင်ခွင့်များ ဥပဒေများ ပြဌာန်းခဲ့သည့်ပြင် ဓလေ့ထုံးတမ်းမြေယာစနစ်များအတွက် အကာအကွယ်ရရှိရေး မူဝါဒများတွင် ထည့်သွင်းဖော်ပြလာခဲ့သည်။ သိမ်းဆည်းခံမြေများပြန်လည်ရရှိရေးနှင့် မြေယာပိုင်ဆိုင်ခွင့် များအတွက် သက်ဆိုင်ရာအစိုးရမှ တရားဝင်ဖွဲ့စည်းသည့် ကော်မတီများ၊ ဥပဒေဖွဲ့စည်းသည့် ကော်မတီ များဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဖွဲ့စည်းသည့်ကော်မတီများတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားများ၊ ဒေသခံများ၊ အများယုံကြည်လေးစားသူများနှင့် အစိုးရအရာရှိများပါဝင်သည်။ ထိုကော်မတီမများသည် သက်ဆိုင်ရာမြေယာမှုခင်းများကို အတိုင်းအတာတခုအထိ ဖြေရှင်းနိုင်ခဲ့ သည်။
အဆိုပါလုပ်ငန်းစဉ်များတွင် မျှတသည့် ရလာဒ်များကို ဒေသခံများ၊ ဌာနေတိုင်းရင်းသားများ၊ အကျိုးသက်ဆိုင်သူများပိုမိုနားလည်သိရှိရန် GPI အဖွဲ့အစည်းသည် ကူညီပံ့ပိုးခြင်းလုပ်ငန်းများကို လုပ်ဆောင်သည်။ သက်ဆိုင်ရာအစိုးရညွှန်ကြားချက်နှင့် ဥပဒေများအရ ဖွဲ့စည်းဆောင်ရွက်သည့် ကော်မတီများသည် မြေယာစီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်မှုများတွင် လုပ်ထုံးလုပ်နည်းများဖြေရှင်းနိုင်မှုအားနည်းခြင်းများကိုတွေ့ရှိရသည်။ ထိုပြင် ဒေသခံများအသုံးပြုသည် စနစ်များနှင့် ဓလေ့ထုံးတမ်းစနစ်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်မှုသည် မရှိသလောက်ဖြစ်သည်။ ထိုအခြေအနေများအတွက် GPI အဖွဲ့အစည်းသည် ဥပဒေအထောက် အကူပြုပေးခြင်းလုပ်ငန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုစနစ်များ ဖြစ်စေရန် လုပ်ဆောင်သည်။
မြေယာစီမံခန့်ခွဲစနစ်များတွင် အမျိုးသမီများနှင့် ဌာနေတိုင်းရင်းသားများ ပိုမိုပါဝင်နိုင်ရေးအတွက် မြေယာအားလုံးကိုလွှမ်းခြုံသည့် အမျိုး သားမြေဥပေဒကြမ်းရေးဆွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည့် GPI သည် အမျိုးသမီးများ၊ ဌာနေတိုင်းရင်းသားများ၊ အကျိုးသက်ဆိုင်သူများပါဝင်ရေးဆွဲ နိုင်ရေး ဆွေးနွေးတိုက်တွန်းခဲ့သည်။ ထိုသို့ဆွေးနွေးတိုက်တွန်းမှုကြောင့် အားလုံးပါဝင်သည့် ဥပဒေကြမ်းရေးဆွဲမှုဖြစ်စေရန် လုပ်ငန်းအဖွဲ့ခွဲများကို အမျိုးသား မြေဥပဒေကြမ်းရေးဆွဲရေးကော်မတီ၏ အမိန့်ညွှန်ကြားချက်ဖြင့် ထပ်မံတိုးချဲ့ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သည်။
၂၀၁၀ မတိုင်ခင် စစ်အုပ်ချုပ်ရေးနှင့်အတူ မြေအသုံးချမှုစနစ်များသည် ဓလေ့ထုံးတမ်းစနစ်များနှင့် သဘာ ဝပတ်ဝန်းကျင်ထိခိုက်မှုအပေါ် သိရှိနားလည်မှုမရှိကြပေ။ ၂၀၁၀ နောက်ပိုင်းပြုပြင်ပြောင်းလဲရေးနှင့်အတူ မြေအသုံးချစီမံကိန်းများသည်လည်း ဓလေ့ထုံးတမ်းမြေယာစနစ်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖြစ်လာ နိုင်ခြေရှိသည့် အကျိုးသက်ရောက်မှုများကို အကဲဖြတ်မှုနည်းပါးလျက်ရှိသည်။ ဓလေ့ထုံးတမ်းအရ ဒေသ ခံများ မြေယာထိန်းသိမ်းအသုံးပြုသည့်စနစ်များကို အားကောင်းရန် GPI အဖွဲ့အစည်း၏ ဥပဒေအထောက် အကူပြုသူများမှ ကူညီဆောင်ရွက်သည့်ပြင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများပူးပေါင်းဆောင် ရွက်မှုအားကောင်းရန် ကူညီဆောင်ရွက်သည်။ ထိုသို့ ဓလေ့ထုံးတမ်းမြေယာစနစ်များ စနစ်တကျမှတ် တမ်းတင်ခြင်းနှင့် ဒေသခံများစုပေါင်းထိန်းသိမ်းသည့်စနစ်များဖြင့် ဒီရေတောများနှင့် သစ်တောများကို ထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျော့ချနိုင်ရေးအတွက် အားကောင်းလာစေလျက်ရှိသည်။