တောင်သူဖွံ့ဖြိုးရေးအဖွဲ့အစည်း

မြေယာနှင့်တရားမျှတမှု

အဖွဲ့အစည်းသည် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ မြေယာအခွင့်အရေး၊ စားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာအခြေခံစားနပ်ရိက္ခာထုတ်လုပ်မှုနှင့် တရားမျှတမှုတို့ကို တိုးတက်စေရန် လုပ်ဆောင်နေ သည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည်။

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

မြေယာအခွင့်အရေးများကို သိရှိ နားလည်ပြီး မြေယာအသုံးချပိုင်ခွင့်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ကြိုးပမ်းရာတွင် တာဝန်ခံမှု, တာဝန်ယူမှုဖြင့် အကျိုးသက်ဆိုင်သူများ အချင်းချင်းပူးပေါင်းဆောင်ရွက်ကာ အသိပညာကို မျှဝေဆောင်ရွက်နိုင်ရန်။

ကျွန်ုပ်တို့ရည်မှန်းချက်
  • မြေယာကိုမှီခိုအသုံးပြုသည့် ဌာနေများနှင့်တောင်သူ လယ်သမားများ၏ဘဝ၊ အသက်မွေးဝမ်းကျောင်း မှု နှင့် တရားမျှတမှုဆိုင်ရာများနှင့်သက်ဆိုင်သည့် ဥပဒေများနှင့် မူဝါဒများကို နားလည်သဘောပေါက် စေရန် ကူညီပေးရန်။
  • ဌာနေတိုင်းရင်းသားများနှင့် တောင်သူလယ်သမားများ၏ အခွင့်အရေးများကို ဥပဒေနှင့် ရပ်ရွာစံနှုန်းများ နှင့်အညီ အကာအကွယ်များရရှိရန်။
  • ဥပဒေနှင့် မူဝါဒအသစ်များ ရေးဆွဲခြင်းနှင့် ပြန်လည်ပြင်ဆင်ရာတွင် ဒေသခံများ၊ တောင်သူလယ် သမားများ နှင့်အကျိုးသက်ဆိုင်သူများ ပူးပေါင်းပါဝင်မှုရှိစေရန်

ကျွန်ုပ်တို့လုပ်ဆောင်မှုများ

ဒေသခံများ, ဌာနေတိုင်းရင်းသားယောက်ျား၊ မိန်းမ၊ ထိခိုက်လွယ်အုပ်စုများနှင့် ရပ်ရွာအဖွဲ့အစည်းများ၏ မြေနှင့်  သဘာဝသယံဇာတအရင်းအမြစ်များအပေါ် သာတူညီမျှရရှိခွင့်၊ အသုံးပြုခြင်း နှင့် စီမံအုပ်ချုပ်ခွင့်တို့ကို အပြည့် အဝရရှိခံစားရန်ဖြစ်သည်။

အသိပညာပေးခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း

မြေယာနှင့်ပက်သက်သည့် ထိခိုက်လွယ်သောဒေသခံများ, ဌာနေတိုင်းရင်းသားများ, အကျိုးသက်ဆိုင်သူ များ၏ မြေယာပိုင်ဆိုင်ခွင့်၊ အသုံး ပြုခွင့်၊ တရားဥပဒေအကူအညီရပိုင်ခွင့်၊ အခွင့်အရေးများအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ကျွန်ုပ်တို့သည်အသိပညာပေးလုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် တိုးတက်သောအမြင်ရှိသော ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသ ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များကို ကူညီပံ့ပိုးပေးခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ပါသည်။

အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

ကျွန်ုပ်တို့သည် ထိခိုက်လွယ်သောဒေသခံများ၊ ဌာနေတိုင်းရင်းသာများ မြေယာပိုင်ဆိုင်အသုံးပြုခွင့် အခွင့် အရေးများအတွက် ဥပဒေအထောက် အကူများပေးခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အကျိုး သက်ဆိုင်သူများ အားလုံးပူးပေါင်းပါဝင်မှုဖြင့် ဓလေ့ထုံးတမ်းမြေအသုံးချစနစ်များနှင့်ထိန်းသိမ်းမှုစနစ်များ ဖော်ထုတ်ခြင်းများ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် လုပ်ဆောင်သကဲ့သို့ ထိခိုက်ခံစားရသည့်သူများ၏ အခက်အခဲစိန်ခေါ်မှုများကို ဖြေလျော့နိုင်ရေး၊ ကုစားနိုင်ရေးနှင့် တိုးတက်ကောင်းမွန်ရေးတို့အတွက် ဆောင်ရွက်ပါသည်။

မူဝါဒစာတမ်းရေးသားခြင်းနှင့် အချက်အလက်မျှဝေခြင်း

မြေနှင့် သဘာဝသယံဇာတဆိုင်ရာရင်းမြစ်များကို ထိန်းသိမ်းခြင်း, အသုံးပြုခြင်းဆိုင်ရာလုပ်ငန်းများကို ပိုမိုနား လည်သဘောပေါက်ရန် ကျွန်ုပ်တို့သည် ဒေသခံများ၊ ဌာနေတိုင်းရင်းသားများ၊ အကျိုးသက်ဆိုင်သူများပူးပေါင်း ပါဝင်လုပ်ဆောင်သည့် မူဝါဒစာတမ်းများရေးခြင်း၊ သတင်းအချက်အလက်မျှဝေပေးခြင်းတို့ကို လုပ်ဆောင်ပါ သည်။

အရေးပေါ်အခြေအနေများကို တုန့်ပြန်ခြင်း

မြန်မာနိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းများသည် ကဏ္ဍအလိုက် စိန်ခေါ်မှုများစွာကို ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိ သည်။ မြန်မာနိုင်ငံမှာ အရေးပေါ်လိုအပ်နေတဲ့ အရေးပေါ်အစားအစာနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်နေသည်။

စစ်တပ်မှအာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင်ဖြစ်ပွာနေသည့် ပဋိပက္ခများ၊ တိုက်ပွဲများကြောင့် အရေးပေါ် စားနပ်ရိက္ခာနှင့် ကျန်းမာရေးအကူအညီများစွာလိုအပ်လျက်ရှိသည်။ ထိုအခြေအနေများကို မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ကူညီပံ့ပိုးလျက်ရှိသည်။ 

အရင်းအမြစ်များ

မြန်မာနိုင်ငံရှိ မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ လက်စွဲများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို လေ့လာနိုင်ရန်နှင့် အဖွဲ့အစည်း၏ အကောင်အထည်ဖော်ဆောင်ရွက်မှုမှ တွေ့ရှိချက်များကို လေ့လာရန်။

ဥပဒေများ

မြေယာနှင့်ပက်သက်သည့် မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွန်ကြား ချက်များနှင့် စံချိန် စံညွှန်းများကို လေ့လာနိုင်ပါ သည်။

စာရွက်စာတမ်းများ

စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်မှု အစီရင်ခံစာများကို လေ့လာနိုင်ပါသည်။

News

အဖွဲ့အစည်းလှုပ်ရှားဆောင်ရွက်မှုများ, အကောင်အထည်ဖော်ဖော်ဆောင်ရွက်မှုများ နှင့် မြန်မာနိုင်ငံ တွင်းရှိ မြေယာအခွင့်အရေးနှင့် ဒေသခံအခွင့်အရေးများနှင့်သက်သက်သည့် သတင်းများကို မျှဝေနိုင် ရန်နှင့်လေ့လာနိုင်ရန်အတွက် ဖြစ်ပါသည်။

Our Latest Activities News will be upload soon

Our Donors

Documenting the organizations that have been supported and the organizations that are being supported.