အသိပညာပေးခြင်းနှင့် ဥပဒေအထောက်အကူပြု လုပ်ငန်းများအတွက် စီမံကိန်းလုပ်ဆောင်မည့် ဒေသခံများ ကိုရွေးချယ်ကာ ဥပဒေအထောက်အကူပြုသူများအဖြစ် ဖြစ်လာစေရန် စနစ်တကျပြုစုပျိုးထောင် မှုများကို လုပ်ဆောင်ရသည်။ ကျွန်ုပ်တို့အဖွဲ့မှသင်ကြားပေးထားသော သင်တန်းဆရာ/ဆရာမများနှင့် ဥပဒေ အထောက််အကူပြုသူများသည် တည်ဆဲဥပဒေအရ မြေယာပိုင်ဆိုင်ခွင့်များနှင့် ရပိုင်ခွင့်အကြောင်းအရာများကို ဒေသခံများသိရှိစေရန် သင်တန်းပို့ချခြင်း၊ ရပိုင်ခွင့်များကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ လုပ်ဆောင်သည်။ ထိုပြင့် ဓလေ့ထုံးတမ်းမြေယာစနစ်များ ထိန်းသိမ်းနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းများအတွက် ဆွေးနွေးခြင်းများလုပ်ဆောင်သည်။ အသိပညာပေး လုပ်ငန်းများတွင် တိုးတက်ရန်နှင့် အထောက်အကူပြုရန် မြေယာနှင့်ပက်သက်သည့် အသိပညာပေး လက်ကမ်းစာဆောင်များလည်း ထုတ်ဝေသည်။
GPI အဖွဲ့အစည်းသည် ဒေသအလိုက်ကွဲပြားခြားနားသော မြေအသုံးချခွင့်၊ ပိုင်ဆိုင်ခွင့် အခက်အခဲပြဿနာများကို ကျွန်ုပ်တို့၏အားသာချက်များနှင့် ဥပဒေအကူအညီပေးသည့်နည်းလမ်းများဖြင့် ကူညီပံ့ပိုးနိုင်ရန်ဆွေးနွေးပါသည်။ ဒေသခံများစုပေါင်းထိန်းသိမ်းသည့် ဓလေ့ထုံးတမ်းမြေယာစနစ်များဖြင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးအတွက်လည်း လိုအပ်ချက်များကို ဖော်ထုတ်ကူညီပံ့ပိုးလုပ်ငန်းအဆင့်ဆင့်အတွက် ဆွေးနွေးလုပ်ဆောင်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဥပဒေအထောက်အကူပြုသူများသည် မြေယာပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်၊ ထိန်းသိမ်းပိုင်ခွင့်များအတွက် ပိုမိုကောင်းမွန်သောနည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက် ကူညီပံ့ပိုးရန် ပြင်ဆင်လုပ်ဆောင်သည်။
ကျွန်ုပ်တို့သည် မြေယာပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်၊ ထိန်းသိမ်းပိုင်ခွင့်များအတွက် ကူညီပေးနိုင်သည့် နည်းလမ်းများ၊ ပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းများကို ဆွေးနွေးမှုများလုပ်ဆောင်သည်။ ထိုပြင် မြေယာပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်၊ ထိန်းသိမ်းပိုင်ခွင့်များတွင် အမျိုးသမီများပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်များဒ ဒေသခံများ မြေယာစုပေါင်း ထိန်းသိမ်းသည့် စနစ်များတွင်လည်း အမျိုးသမီးများအခန်းကဏ္ဍ ခိုင်မာအားကောင်းရန် ဆွေးနွေးမှုနှင့် ဆွေးနွေးပွဲများကို အဓိက ကဏ္ဍတခုအဖြစ် လုပ်ဆောင်သည်။
GPI အဖွဲ့အစည်းသည် Land Law Land Rights အသိပညာပေးသင်တန်းများနှင့် ဥပဒေအထောက် အကူပြုလုပ်ငန်းသည် ဒေသခံများအတွက်များစွာအထောက်အကူဖြစ်စေသည့် အစီအစဉ်ဖြစ်သည်။ အသိပညာပေးသင်တန်းကို မြန်မာနိုင်ငံနေရာဒေသများစွာတွင် ပြုလုပ်ခဲ့သည်။ ဥပဒေအထောက် အကူပြုလုပ်ငန်းကို ဧရာဝတီ၊ ရခိုင်တောင်ပိုင်း နှင့် ရှမ်းတောင်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သည်။ သင်တန်းများသည် သင်တန်းသားတဉီးချင်းအတွက် အသိပညာနှင့်စွမ်းဆောင် ရည်ရရှိရုံသာမက ထိုသူ၏မိသားစုနှင့် ပတ်ဝန်းကျင်အတွက်ပါ များစွာအကျိုးကျေးဇူးဖြစ်စေခဲ့သည်။ မြေယာနှင့်ပက်သက်သည့် ဥပဒေအထောက်အကူပြုသူများကို မွေးထုတ်ခြင်းသည် စီမံကိန်း ဆောင်ရွက်ခဲ့သည့်ဒေသများရှိ ဒေသခံများ၊ ဌာနေတိုင်းရင်းသားအတွက် ရေရှည်အကူအညီရရှိရေးအတွက် မွေးထုတ်ပေးနိုင်ခဲ့သည်။ မြေယာဥပဒေများနှင့် မြေယာအခွင့်အရေးဆိုင်ရာအသိအမြင် ဗဟုသုတများ သိရှိရရှိခြင်းသည် တဉီးချင်းအတွက်သော်လည်းကောင်း၊ ဒေသခံလူထုတရပ်လုံး အတွက်သော်လည်းကောင်း၊ အများပူးပေါင်းပါဝင်လုပ်ဆောင်သောဆုံးဖြတ်ချက်များချမှတ်ရာတွင် ပိုမိုကောင်းမွန်းသော စွမ်းဆောင်ရည်းများရရှိစေပါသည်။ ဥပဒေအထောက်အကူပြုသူများကို မွေးထုတ်ပေးခြင်းသည် မြေယာနှင့်ပက်သက်သည့် တရားဥပဒေစိုးမိုးမှုအားကောင်းရေးနှင့် တရား မျှတရေးရေ ရှည်ထွန်းကားရန် မွေးထုတ်ပေးခြင်းဖြစ်သည်။